Apple က Shazam App အတွက် ဒေါ်လာ သန်း 400 တန် ဝယ်ယူမှု ကမ်းလှမ်းချက်
Apple ဟာ Audio Clip ကနေ သီချင်းတွေ ရုပ်ရှင်နဲ့ တီဗီလိုင်းတွေ တပြိုင်ထဲ ပံ့ပိုးပေးမယ့် Shazam App ကို ထည့်သွင်းဖို့ သေချာသလောက်ဖြစ်နေပြီလို့ TechCrunch ရဲ့ သတင်းအခိုင်အမာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဆိုပါ မှတ်တမ်းမှာ Apple ဟာ ဒေါ်လာ သန်း 400 နဲ့ ဝယ်ယူမှုလုပ်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Apple ဟာ Shazam Company ရဲ့ သီချင်းနဲ့ အသံမှတ်တမ်း သတင်းအချက်အလက်ပေးပို့မှုနည်းပညာကို ထည့်သွင်းလိုက်မယ်ဆို များစွာသော အမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။iTunes Store ကနေ ဝယ်ယူနိုင်အောင် Shazam ဆီကလဲ အသုံးပြုတွေ ထပ်မံပေးပို့ပေးမယ်ဆိုရင် ရရှိတဲ့အမြတ်ငွေထဲက Shazam ဟာ ကော်မရှင်နဲ့ ထပ်ရရှိနိုင်ဦးမှာဖြစ်ပါတယ်။Shazam ဟာ Digital Download အရောင်းပိုင်းမှာ 2016 ထဲက နှစ်စဉ်အမြတ်ငွေ 10%ကို လက်ဝါးကြီး အုပ်နိုင်ခဲ့တယ်လို့ Wall Street Journal မှာ ဖော်ပြခဲ့ပါတယ်။
ပထမတော့ Shazam App ကို Snapchat ကို ဝယ်ဖို့ညှိနှိုင်းမှုတွေ ရှိခဲ့တာဖြစ်ပြီး ဒါပေမယ့် ဒါဟာ မဖြစ်ခဲ့ပဲ Apple ရဲ့ လက်ထဲကို ရောက်ရှိခဲ့ဖို့ ဖြစ်လာတာဖြစ်ပါတယ်။အကြောင်းအရင်းကတော့ Apple အနေနဲ့ Shazam ကိုသာ ထည့်လိုက်မယ်ဆိုရင် နေ့စဉ် Download ခလုတ်နှိပ်မှုဟာ 1 သန်းနီးပါးရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့် ဒေါ်လာ သန်း 400 တန် အရောင်းအဝယ်ကို Apple က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ဒီသတင်းကိုတော့ Apple ရော Shazam ကပါ တိကျခိုင်မာတဲ့ အဖြေမပေးပေမယ့် သေချာသလောက်ရှိနေတာဖြစ်ပါတယ်။